မြန်မာစာ အဆင်ပြေပြေလေး သုံးနိုင်စေချင်လို့ စမ်းသပ်ထားတဲ့ နည်းလေးကို ဝေမျှပေးလိုက်ပါတယ် ကျနော် Viber ကို မြန်မာစာပေါ်ချင်လို့ Online မှာ Tutorial တွေရှာဖတ်ကြည့်တော့ ပထမဦးဆုံး ArialZawgyi.ttf ကိုဒေါင်း install လုပ်ပြီး desktop မှာ right click နှိပ်ပြီး----
Personalize -> Window Color -> Advance Appearance Setting -> ကနေ ပေါ်လာတဲ့ setting တွေမှာ Arial font ကိုပြောင်းတဲ့နည်းကို သိကြမှာပါ ကျနော့်အတွက်တော့ သိပ်အဆင်မပြေပါဘူး 'ေ' ကလွဲရင် ကျန်တာတွေလွဲနေပါတယ် နောက်ဆုံးအဖြေရှာကြည့်တော့ viber ကအနီးစပ်ဆုံး မြန်မာစာ font တွေကို အလိုအလျှောက် ရွေးနေလို့ပါ ဥပမာ Ayar,Myanmar3 အစရှိတဲ့ ဇော်ဂျီကလွဲရင် တခြား font တွေကိုဖြစ်နိုင်ရင် backup လုပ်ထားပြီး ဖျက်ထားလိုက်ပါ .. ဒါပေမယ် wininnwa တို့ winfamily တွေကတော့ ပြဿနာမရှိပါဘူး .... ပြီးရင် အခုတင်ပေးထားတဲ့ CODE2000.TTF ဆိုတဲ့ font ကို ဒေါင်းပြီးရင် install လုပ်လိုက်ပါ ပြီးရင် စက်ကို restart ပြန်ချလိုက်ပါ ... မြန်မာစာ အဆင်ပြေပြေနဲ့ desktop ပေါ်မှာသုံးနိုင်ပါပြီ တကယ်လို့ 'ေ' ပျောက်နေရင် ArialZawgyi.ttf ကို google မှာရှာပြီးဒေါင်းလိုက်ပါ စက်အများကြီးမှာစမ်းသပ်ထားတဲ့ နည်းမဟုတ်သေးတဲ့အတွက်အမှားအယွင်းရှိခဲ့ရင် နားလည်ပေးကြပါ ပြောရင်း သူငယ်ချင်းတို့ Viber ကို desktop မှာ မြန်မာစာနဲ့ စတိုင်ကျကျသုံးနိုင်ကြပါစေ-----------------------
အောက်မှာဒေါင်းပါ-----------
ပို့အသစ်တင်တိုင်း facebook ကနေဖက်ချင်ရင်တော့
ဒီမှာ Likes လုပ်ခဲ့ပါ
0 comments:
Post a Comment