Sunday, January 25, 2015

သင့် Laptop ကို ခေါက်လိုက်ရင်တောင် သီချင်းဆက်ပီးနား ထောင်ရ အောင် (Lid Fuction on Window7)

အခုကျွန်တော်ပြောမယ့်နည်းပညာအကြောင်းလေးကတော့ တော်တော်လည်းလေးလည်း နောက်ကျနေတယ်ဆိုပေမယ့် အများစု သတိမထားမိ တဲ့အချက်လေးတစ်ချက်ဖြစ်ပါတယ်။ ဘာအကြောင်းအရာလည်းဆိုတော့ အထူးသဖြင့် Laptop ကိုင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ နောက်တစ်ချက် ကလည်း Window7 မှာပဲစမ်းသပ်ထားတဲ့နည်းလေးဖြစ်ပါတယ်။ဆိုလိုတာကကျွန်တော်တို့iPad တွေအရမ်းခောတ်စားလာတဲ့
အချိန်မှာ အများစုက သာမာန် Tablet လေးသုံးတာက အစ Ear Peace လေးနဲ့ တွဲသုံးလာတာ များကြပါတယ်။ အခုကတော့ iPad တွေ Tablet တွေထက် အများကြီးကြီး တဲ့ Laptop နဲ့ Portable Player ပုံစူံမျိုးလေးလုပ်ဆောင်မှာဖြစ်ပါတယ်။ ကဲ စလိုက်ရအောင် စမ်းသပ်ကြည့်မှပဲ ဘယ်လို အသုံးဝင်မယ်ဆိုတာကို အသေးစိတ်သိနိုင်မှာဖြစ်ပါတယ်။ သင်တို့လည်း စမ်းသပ်ကြည့်လိုက်ပါဦး အရင်ဆုံး ထုံးစံအတိုင်းပေါ့ Start, Control Panel ထဲကနေသွားကြပါ မယ်။ ထိုအထဲကမှ Power Option ဆိုတဲ့နေရာကို အောက်ပါပုံအတိုင်း သွားပါမယ်

ထို့နောက်တော့

မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာဖြစ်တဲ့ Change when the com puter sleeps ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်။

ထို့နောက်အလားတူပဲ မှင်အနီရောင်လေးဝိုင်းပြထားတဲ့နေရာဖြစ်တဲ့ Change advanced power settings ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။

အဓိက ကတော့ Power buttons and lid ဆိုတဲ့ Main Menu ထဲကို Expend လုပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ Lid close action နှင့်ပတ်သက် တဲ့ Sub Menu နှစ်ခုထပ်မံပီးတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနောက် တော့

အထက်ပါပုံအတိုင်းမှာမြင်ရမယ့်အတိုင်း Lid close action ဆိုတဲ့နေရာမှာ ရွေးချယ်စရာ Menu နှစ်ခု ထပ်မံပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။ ဒီအထဲမှာ On Battery ဆိုတာရယ် Plugged in ဆိုတာရယ်ဆိုပီး နှစ်မျိုးရှိပါတယ်။ On Battery ဆိုတာကတော့ သင့် Laptop ကို Power ကြိုးမထိုးထားပဲ အလွတ်သုံးနေတဲ့အနေအထားကို ဆိုလိုပီးတော့ Plugged in ဆိုတာက တော့ သင့်ရဲ့ Laptop ကို Power ကြိုးတပ်ပီးသုံးနေတဲ့ အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။ဒီနေရာ နှစ်ခုလုံးမှာ Default အနေအထားအရ Sleep Mode ဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအနေအထားကို ကျွန်တော်တို့က ပြောင်းပေးရမှာကတော့ Do nothing ဆိုတာကို နှစ်ခုလုံး မှာရွေးပေးရမှာဖြစ်ပါတယ်။ အားလုံး ရွေးပေးပီးသွားတဲ့အခါမှာတော့ Apply, OK ဆိုတာကို နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒီလိုအနေအထားကို ရွေးပေးပီးသွားပီဆိုရင်တော့ သင်က ဥပမာအနေနဲ့ သင့်ရဲ့ Laptop ထဲကနေ Player တစ်ခုခု သို့မဟုတ် အထူးသဖြင့် IDM နဲ့ Data တစ်ခုခု ကို Downloading လုပ်နေရင်တောင် ၄င်းရဲ့ Process က ရပ်မသွားပဲ  ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဖြင့် တစ်ခြား အကြိုး ရှိမယ့် အကြောင်းအရာတွေကိုလည်း သင်ကိုယ်တိုင်ဆက်လက်တွေ့ရှိနိုင် ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်
လေးစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment