Sunday, September 7, 2014

'32-bit နှင့် 64-bit Operation Systems '


32-bit နဲ့ 64-bit OS တွေရဲ့ အကြောင်းကို ကျွန်တော်သိသလောက် ဆွေးနွေးချင်ပါတယ်.... 32-bit နဲ့ 64-bit တို့ရဲ့ ခြားနားချက်က ကွန်ပြူတာရဲ့ CPU (central processing unit) က သတင်းအချက်အလက် (information) တွေကို တွက်ချက်နိုင်တဲ့ပမာဏ (အလုပ်လုပ်နိုင်တဲ့ ပမာဏ) ခြားနားချက်ပဲ ဖြစ်ပါတယ်.... 64-bit processor က တစ်ကြိမ် အလုပ်လုပ်ရင် 64 bit (2^64= 18,446,744,073,709,551,616) ပမာဏ data တွေကို အလုပ်လုပ်နိုင်ပြီးတော့ 32-bit processor ကတော့ 32 bit(2^32= 4,294,967,296 )ပမာဏ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်... ဒါပေမယ့် 64-bit စနစ်က လုပ်ငန်းတိုင်းကို

32-bit ထက် ပိုအလုပ်လုပ်နိုင်တာမဟုတ်ပါ... ကျန်တဲ့ computer တစ်ခုလုံးရဲ့ အလုပ်လုပ်နိုင်တဲ့ speed တွေအပေါ်မှာလည်း မူတည်ပါတယ်.... (ဥပမာ CPU ရဲ့ speed ကဘယ်လောက်မြန်မြန် အလုပ်လုပ်နိုင်တယ်ပေါ့)...နောက်ပြီးတော့ အသုံးပြုတဲ့ application တွေရဲ့ designed ပေါ်မှာလည်း မူတည်ပါတယ်... အသုံးပြုတဲ့ application က 32-bit အတွက်ပဲ designed လုပ်ထားတယ်ဆိုရင် 64-bit မှာလည်း ပိုပြီး ထူးခြား မမြန်လာနိုင်ပါဘူး.... အခြေခံကျတဲ့ အချက်ကတော့ အချို့သော CPU ကို ခက်ခဲရှုပ်ထွေးစွာ အလုပ်လုပ်စေသော CAD(computer-aided design) ကဲ့သို့သော application တွေက 64-bit စနစ်အတွက် ပြုလုပ်ထားပြီး 32-bit ထက်ပိုမိုလျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်...

64-bit စနစ်က RAM (Random Access Memory) ကို 32-bit ထက်ပိုပြီး အသုံးပြုပါတယ်... 32-bit စနစ်မှာ RAM ကို 4 G အထိတပ်ဆင်နိုင်ပါတယ်(သို့သော် 4 G အပြည့်သုံး၍ မရပါ.. 3.4 G လောက်သာ အသုံးပြုနိုင်ပါတယ်..) 64-bit မှာတော့ RAM ကို များစွာ အသုံးပြုနိုင်ပါတယ်... (OS အလိုက် Version အလိုက် အများဆုံး အသုံးပြုနိုင်သော RAM ပမာဏ ကွာခြားပါသည်...ဒီနေရာ မှာ လေ့လာနိုင်ပါတယ်http://msdn.microsoft.com/en-us/library/aa366778%28VS.85%29.aspx
RAM ကို များစွာ အသုံးပြုနိုင်တဲ့အတွက် 64-bit က 32-bit ထက် ပိုမြန်မြန်အလုပ်လုပ်နိုင်ပါတယ်....

64-bit ကို အသုံးပြုမယ်ဆိုရင်တော့ hardware တွေနဲ့ လိုက်ဖက်ဖို့ (compatible) ဖြစ်ဖို့လိုအပ်ပါတယ်... အလယ်လတ်တန်း နဲ့ အထက်တန်း computer တွေဟာ 64-bit အတွက် ကိုက်ညီကြပါတယ်... အကယ်၍ 64-bit ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ computer နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးနိုင်ပါတယ်....windows 7 အတွက်ဆိုရင်တော့ Control Panel\All Control Panel Items\Performance Information and Tools ကိုသွားပါ View and print detailed performance and system information ကို click ပေးပြီးတော့ ရလာတဲ့ Text ဖိုင်ကို filename.html နာမည်နဲ့ html ဖိုင်အဖြစ် save လုပ်ပါ... အဲဒီ html ဖိုင်ကို ဖွင့်လိုက်ရင် System ရဲ့အောက်မှာ 64-bit capable ဆိုတာ ရှိပါတယ် Yes ဖြစ်နေရင်တော့ 64-bit ကို သုံးလို့ရပါတယ်...

Applications အများစုဟာ 32-bit အတွက် designed လုပ်ထားတာဖြစ်ပြီးတော့ 64-bit မှာလည်း အသုံးပြုနိုင်ပေမယ့် Anti-virus programs တော်တော်များများနဲ့ Hardware Driver တွေကတော့ သုံးလို့မရပါဘူး.... အဲဒါကြောင့် printer သို့မဟုတ် အခြားသော hardware တွေကို အသုံးပြုမယ်ဆိုရင် Drivers တွေကို 64-bit Drivers တွေသာ အသုံးပြုရမှာ ဖြစ်ပါတယ်...Windows 7 (64-bit) မှာ အသုံးပြုနိုင်တဲ့ Anti-virus programs တွေကို ဒီမှာ သွားရောက်လေ့လာနိုင် သလို http://www.microsoft.com/en-us/windows/compatibility/win7/CompatCenter/Home?Language=en-US
အသုံးပြုလိုတဲ့ Software နဲ့ Hardware တွေကိုလည်း Windows 7 Compatibility Center မှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ....ကျွန်တော်ကိုယ်တိုင်လည်း 64-bit ကို မသုံးဖူးသေးပါခင်ဗျာ... ဆွေးနွေးချက်တွင် လိုအပ်တာများရှိခဲ့ရင် ဖြည့်စွက် ဆွေးနွေးပေးကြပါခင်ဗျာ :)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment