ဒီနည်းလေးကတော့ ကိုယ်ဝယ်ထားတဲ့ Printer မှာ Driver ထဲ့ဖို့အတွက် CD/DVD ပြောက်နေသူတွေအ
တွက်နည်း လမ်းလေးတခုပါခင်ဗျား။ ကျွန်တော် လဲ မနေ့က ဓါတ်ပုံ ကူးမလို့ Printer CD ကိုရှာတာ မတွေ့လို့ ကိုယ့်ဘာသာ ကိုယ် ကလိ ရင်း ကလိ ရင်း တွေ့တာပါ။ ပထမဦးဆုံး ဆုံး Printer ကို ကွန်ပျူတာထဲမှာ ထည့်ပြီး ဖွင့်ထားလိုက်ပါ။ ဓါတ်ပုံ တပုံကို Windows Photo Viewer နဲ့ဖွင့်လိုက်ပြီး Menu Bar က Print ကနေ Print... ကိုသွားလိုက်ပါ။
ပြီးရင် Print ဖို့ အတွက် Size တွေဘာတွေညာတွေရွေးဖို့ Window တခု ပေါ်လာပါ့မယ်ခင်ဗျား။ အဲ့ဒီ Print ဆိုတဲ့ နေရာမှာ ကိုယ့် ရဲ့ Computer မှာ ထည့်ထားတဲ့ Printer ကို ရွေးလိုက်ပါ။
ပြီးရင် Cancel အပေါ်က Options ကိုထက်သွားလိုက်ပါ။
ပြီးရင် Windows နောက်ထက်တခု ထက်ပြီး ပေါ်လာပါ့မယ်ခင်ဗျား။ အဲ့ဒီ Windows ကိုရောက်ရင် Printer Properties ကိုသွားလိုက်ပါ။
အပေါ်က ဟာကို လုပ်ပြီးသွားရင် Windows နောက်ထက်တခု ပေါ်လာပါ့မယ်ခင်ဗျား။ အဲ့ဒီမှာ Update To Latest Version ကိုဆက်နှိပ်လိုက်ပါ။
ပြီးရင် Internet ကို Connect မယ်လို့ပြောပါ့မယ်။ Ok ကိုဘဲဆက်နှိပ်လိုက်ပါ။
ပြီးရင် သူ့ဘာသာ သူ Updated ဖြစ်နေတဲ့ Version ကိုရှာပါလိမ့်မယ်။
ပြီးရင် သူက ရှာရင်း ရှာရင်း တွေ့ပြီး Download လုပ်မလားဆိုပြီး ပြောလာပါ့မယ်။ Yes ကိုဘဲဆက်နှိပ်လိုက်ပါ။
ပြီးရင် Windows တခုကိုပြောင်းသွားပြီး သူ Download လုပ်နေတာကို ပြပါလိမ့်မယ်ခင်ဗျား။
ပြီးရင် Download လုပ်သွားတာပြီး သွားပြီး Run တော့မလားဆိုပြီးမေးလာပါ့မယ်ခင်ဗျား။ အဲ့ဒီအခါကြရင် ကိုယ်က Run မယ်ဆိုရင် Ok ကိုလဲဆက်နှိပ်လိုက်ပါ။
ဒီနည်းလေးကတော့လွယ် လဲ လွယ်ကူ ပြီး ကောင်းမွန်တဲ့ နည်းလေးပါခင်ဗျား။ Printer Driver တွေကို ဘာဖြစ်လို့ Install လုပ်ရလဲဆိုတော့ Driver ကို Install လုပ်ထားပြီး Print တာနဲ့ Install မလုပ်ထားတဲ့ Print လုပ်တာနဲ့ မတူပါဘူး။ Install လုပ်ထားပြီး Print လုပ်တာက ပိုပြီး ကောင်းပါတယ်ခင်ဗျား။ ပြီးတော့ ကိုယ့်ရဲ့ Printer ကို Scan လို့ရရင် အပေါ်မှာ ကျွန်တော် ပြထားတဲ့ အတိုင်း Driver တွေ တခုပြီးတာနဲ့ နောက်တခု ထက်ပြီး လာမှာပါ။ ကဲ...အားလုံးအဆင်ပြေကြပါစေခင်ဗျား။
0 comments:
Post a Comment